Main menu

ဈေးကွက်ဝင်ပြောင်းများ ဈေးနှုန်းကျဆင်းလျက်ရှိသော်လည်း တွင်ကျယ်စွာစိုက်ပျိုးလျက်ရှိ

Powered by Drupal

     ရှမ်းပြည်နယ်တောင်ပိုင်းတွင်ပြောင်းစိုက်ဧကပိုမိုတွင်ကျယ်စေရန်နှင့် ပြောင်းအထွက်တန်ချိန် ပိုမိုများပြားစေရန်ရည်ရွယ်လျက် UNDP မှတောင်သူများအားပြောင်းမျိုးစေ့များနှင့်သဘာဝသွင်းအားစု များ ကူညီထောက်ပံ့ခြင်း၊နည်းစနစ်များဖြန့်ဝေခြင်းပြုလုပ်ပေးလျက်ရှိရာ ညောင်ရွှေမြို့၊ အင်းလေးကန် အနောက်ဘက်ခြမ်းရှိ ပြောင်းစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် (မိုး)ပြောင်းများပိုမိုစိုက်ပျိုး လာကြောင်းသိရှိရပါသည်။ (မိုး)ပြောင်းစိုက်ပျိုးရာတွင်  ဧပြီလနှင့်မေလများတွင် စတင်စိုက်ပျိုးကြပြီး စက်တင်ဘာလတွင်ခူးဆွတ်ရိတ်သိမ်းကြကြောင်း၊ ခူးဆွတ်ရိတ်သိမ်းရာတွင် လုပ်အားခအနေဖြင့် အမျိုးသားတစ်ဦးလျှင် တစ်ရက် ၁၅၀၀၀ကျပ်၊ အမျိုးသမီးတစ်ဦးလျှင် တစ်ရက်၁၂၀၀၀ကျပ်ခန့်ပေးရ ကြောင်း၊ (မိုး)ပြောင်း တစ်ဧကလျှင် ပြောင်းမျိုးစေ့ ၂၀ ဗူးခန့်အသုံးပြုရန်သာလိုအပ်ပြီး ပိဿာချိန် ၁၂၀၀ ခန့် ထွက်ရှိသည့် အတွက်အထွက်နှုန်းမှာ ကောင်းမွန်ကြောင်း၊ ပြောင်းတစ်ပိဿာ လျှင် ကာလပေါက်ဈေး ၁၂၀၀ ကျပ် ခန့်ရရှိသဖြင့် ပြောင်းဈေးနှုန်းကျသော်လည်း သွင်းအားစုအနည်းငယ်နှင့် လုပ်အားသာစိုက်ထုတ်ရသည့်အတွက် ယခုနှစ်(မိုး)ပြောင်းစိုက်ပျိုးမှုမှာအကျိုးအမြတ်များစွာ ဖြစ်ထွန်း စေကြောင်းသိရှိရပါသည်။ သို့ဖြစ်ပါ၍ လာမည့်နှစ်များတွင်လည်း ယခုနှစ်ကဲ့သို့ပင်မျိုးစေ့များ ကူညီပံ့ပိုးပေးခြင်း၊ သွင်းအားစုများနှင့် နည်းစနစ်များကူညီပံ့ပိုးပေးခြင်းဖြင့် ဒေသခံတောင်သူများ အနေဖြင့် လုပ်အားနှင့် သွင်းအားစုအနည်းငယ်သာစိုက်ထုတ်ရန်လိုအပ်ပြီး အကျိုးအမြတ်များစွာ ဖြစ်ထွန်းစေမည့် (မိုး)ပြောင်းသီးနှံစိုက်ပျိုးမှုအား ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်သွားရန် လိုအပ်လျက်ရှိပါ ကြောင်း အကြံပြုလေ့လာတင်ပြအပ်ပါသည်။

DOCA(ရှမ်း)