Main menu

ပွင့်ဖြူမြို့နယ် သစ်သီးဝလံစားကုန်ပိန်းဥ ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

     မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ သံဘိုး၊ သရက်အုပ်၊ မုန်းနားစု၊ ယောစု၊ သဲကုန်းကျေးရွာ အိမ်ခြံဝန်းများမှ တစ်ပိုင်တစ်နိုင်စိုက်ပျိုးသည့်  ပိန်းဥများထွက်ရှိပြီး ပွင့်ဖြူမြို့မ ဈေးကြီးနှင့် မင်းဘူး(စကု)၊ မကွေးမြို့မဈေးများသို့တင်ပို့၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ပိန်းဥ(၁)ပိဿာလျှင် (1500 မှ ၁၉၀၀)ကျပ်ထိ ဈေးနှုန်းများရှိကြောင်း ပိန်းဥကို သရေစာအဖြစ်လည်းကောင်း၊ ဟင်းစာအဖြစ်လည်းကောင်း ချက်ပြုတ်စားသောက်ရပါကြောင်း ဈေးသက်သာပြီး အဟာရဓါတ်ပေါကြွယ်ဝသည့်အတွက် ကျန်းမားရေး အသိရှိသည့် လူများမှ ဝယ်ယူစားသုံးမူများလာကြောင်း သိရှိရပါသည်။

   ပိန်းပင်ကို ကဆုန်၊ နယုန်လများတွင် စိုက်ပျိုးကြောင်း ပိန်းဥရရန် (၃)လခန့် စိုက်ပျိုးရကြောင်း တစ်ပင်နှင့် တစ်ပင် ငါးလက်မခန့် ခွာ၍စိုက်ရကြောင်း အစိုဓါတ်ပြတ်၍ မရသည့်အတွက် ရေအမြဲသွင်းပေးရပြီး ရေဝပ်မြေများတွင်ပို၍ဖြစ်ထွန်းကြောင်း မြေဩဇာအနေဖြင့် နွားချေး၊ အာမို(၁၅:၁၅:၁၅)တို့ကျွေးပေးရကြောင်း မုန်းနာစုကျေးရွာအနေဖြင့် ငှက်ပျောခြံများတွင် သီးညှပ်အဖြစ်စိုက်ပျိုးကြောင်း သက်တမ်း(၃)လတွင်ဥများတူးဖော်၍ ဈေးကွက် တင်ပို့ကြောင်း တစ်ခါတူးလျှင် အချိန်(၅၀)ခန့်ရရှိသည့်အတွက် နေ့စဉ်ဟင်းဖိုးရရှိကြောင်း ပိန်းစိုက်တောင်သူ ဦးကျော်လွင်၏ပြောကြားချက်အရသိရှိရပါသည်။

DOCA(မကွေး)