Main menu

ဒေးဒရဲမြို့နယ်တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

Powered by Drupal

               မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အနေဖြင့် တိုင်းဒေသကြီး၊ပြည်နယ်အလိုက်မြို့ကြီးများ၏ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေစဉ်သတ်မှတ်ထုတ်

ပြန်ပေးလျှက်ရှိပါသည်။

          ဒေးဒရဲမြို့နယ်တွင် စက်သုံးဆီဆိုင်(၄)ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျှက်ရှိကာ စက်သုံးဆီပြတ် လတ်မှုမရှိဘဲ (PPRD) စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းကော်မတီမှ နေ့စဉ်သတ်မှတ်ထုတ် ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိကြောင်း ယခင် စက်တင်ဘာလ ဒုတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ Octane (92) တစ်လီတာလျှင်(၂၉၉၅)ကျပ်၊ ဓာတ်ဆီ Octane (95) တစ်လီတာလျှင်(၃၀၆၅)ကျပ်၊ဒီဇယ်ရိုးရိုး HSD တစ်လီတာလျှင်(၂၆၄၅)ကျပ် နှင့် ဒီဇယ်(ပရီမီယမ်)PHSD တစ်လီတာလျှင် (၃၂၄၅)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု စက်တင်ဘာလတတိယအပတ်တွင်စက်သုံးဆီဈေးနှုန်းများမှာဓာတ်ဆီOctane(92) တစ်လီတာ လျှင် (၂၉၆၅)ကျပ်၊ဓာတ်ဆီ Octane (95) တစ်လီတာလျှင် (၃၀၄၀)ကျပ်၊ဒီဇယ်ရိုးရိုး HSD တစ်လီတာလျှင် (၂၆၄၅)ကျပ်နှင့် ဒီဇယ်(ပရီမီယမ်)PHSD တစ်လီတာလျှင် (၃၂၄၅)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ လျှက်ရှိကာ စက်သုံးဆီဈေးနှုန်းများ အနည်းငယ်ကျဆင်းကာ အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)