Main menu

ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနရုံး၌ ကျီးနှစ်ပင် ကျေးရွာသို့ စားအုန်းဆီစာအုပ်ဖြင့် ခွဲဝေပေးလျက်ရှိ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနရုံး၌ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့၊နံနက် (၉:၀၀) နာရီအချိန်တွင် ကျီးနှစ်ပင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူး နှင့် ကော်မတီ အဖွဲ့ဝင်များအား ကျေးရွာနေ ပြည်သူများထံသို့  စားအုန်းဆီသက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန် ဆီစာအုပ်များကို စနစ်တကျခွဲဝေပေးခဲ့ပါသည်။

          ခရိုင်ဦးစီးမှူးက အဆိုပါ ဆီစာအုပ်များကို ပြည်သူလူထုထံအမှန်တကယ် ရရှိနိုင်ရေးနှင့် အလွဲသုံးစားပြုလုပ်ခြင်းတို့မရှိစေရေး၊ ဌာန၏ စည်းမျဉ်းစည်းကမ်းနှင့် ညွှန်ကြားချက်များအကြောင်း၊ စားသုံးသူ၏ အခွင့်အရေးများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆီစာအုပ်များကို စနစ်တကျ ခွဲဝေဖြန့်ဖြူးပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)