Main menu

မြောင်းမြခရိုင်၊  မော်ကျွန်းမြို့နယ်၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသော ဈေးနှုန်းများဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည်(၂၃.၉.၂၀၂၅)ရက်နေ့၊ နံနက်(၀၈;၃၀)အချိန် တွင် စတင်၍ မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြန်မာ့စီးပွားရေးဘဏ်၌ ဆန်၊ စားအုန်းဆီ၊ ကြက်ဥတို့ကို သက်သာ သောဈေးနှုန်းများဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ အား ရောင်းချပေးခဲ့ပါသည်။

               ထိုသို့ရောင်းချပေးရာတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်း၊ မုန့်နှင့်ရေဘူးများဝေငှပေးအပ်ခြင်း၊ အခြေခံစားသောက်ကုန်ပစ္စည်း များအား  သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)