
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် (၂၃.၉.၂၀၂၅) ရက်နေ့၊ နံနက်(၁၀;၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်၊တာဝန်ခံရုံးတွင် ပုဂ္ဂလိကမော်တော်ယဉ်စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီဥက္ကဌအား ခေါ်ယူတွေ့ဆုံဆွေးနွေး ခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ ပုဂ္ဂလိကမော်တောင်ယဉ် စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီအသင်းရုံးအဖွဲ့များအား ချမှတ်ထားသည့်ယဉ်စည်းကမ်း လမ်းစည်းကမ်းများ၏ လမ်းညွှန်ချက်များအား စနစ်တကျလိုက်နာကျင့်သုံးကြရန်၊ ယာဉ်တစ်စီးတွင် သတ်မှတ်ထားသည့် တန်ချိန်ထက်ကျော်လွန်၍ တင်ဆောင်ခြင်းမပြုရန်၊ မော်တော်ယဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေး အသင်းအနေဖြင့် ကုန်စည်သယ်ယူပို့ဆောင်ရေးကိစ္စများတွင် အဆင်ပြေချောမွေ့မှုရှိ/မရှိနှင့် အသင်းတိုးတက်ရေးအတွက် မေးမြန်းရာတွင် အသင်းဥက္ကဌမှ အခက်အခဲမရှိဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)