
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည်(၂၃.၉.၂၀၂၅)ရက်နေ့၊ နံနက်(၇;၀၀)အချိန်တွင် စတင်၍ မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်ခန်းမတွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥတို့ကို သက်သာသောဈေးနှုန်းများဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ အား ရောင်းချပေးခဲ့ပါသည်။
ထိုသို့ရောင်းချပေးရာတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်း၊ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောဈေးနှုန်းများ ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)