Main menu

မန္တလေးတိုင်းဒေသကြီးအတွင်း စားသုံးဆီဖြန့်ဖြူးမှုအခြေအနေနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ၂၁ ရက်နေ့၊ စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေး ခန်းမတွင် မန္တလေးတိုင်းဒေသကြီးအတွင်း စားသုံးဆီဖြန့်ဖြူးမှုအခြေအနေနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးကို နံနက်(၁၀:၀၀)နာရီ အချိန်တွင် စတင်ခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး က မန္တလေးတိုင်းဒေသကြီးအတွင်း စားသုံးဆီဖြန့်ဖြူးမှုအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

             အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး (ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးမှုနှင့်သုသေသနဌာနခွဲ)၊ တိုင်းဒေသကြီးဦးစီးမှူး၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ စည်ပင်သာယာရေးကော်မတီ (ဈေးနှင့်သားသတ်ဌာန)၊ ဗဟိုစာရင်းအဖွဲ့၊ စက်သုံးဆီနှင့်စားသုံးဆီ ရောင်းချမှုကြီးကြပ်ရေးအဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ မြို့တော်စည်ပင် သာယာရေးကော်မတီ(စီမံ)၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊  စက်ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ စက်မှုလုပ်ငန်းသုံးဆီ ထုတ်ယူဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံစားသောက်ဆိုင် အသင်း၊ စားသောက်ကုန်အသင်း၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်း ဒေသကြီးအတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချလျက်ရှိသော လက်ကား ကိုယ်စားလှယ် (၅၂)ဦး၊ စုစုပေါင်း အယောက်(၇၀) ခန့်တက်ရောက်ခဲ့ကြပါသည်။

             ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ဌာနဆိုင်ရာမှတာဝန်ရှိသူများက စားအုန်းဆီဖြန့်ဖြူးရောင်းချမှုကိစ္စရပ်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။

           အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အခမ်းအနားကို  နံနက်(၁၁:၃၀) တွင် ရုတ်သိမ်း ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)