Main menu

ဈေးကွက်အတွင်းရှိ အချိုရည်အမျိုးမျိုးနှင့် ရေသန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား စစ်ဆေးခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ​မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ရပ်ကွက်လက်လီဆိုင်များတွင် ​ရောင်းချသည့် စား​သောက်ကုန်များ၊ အချိုရေးနှင့် ရေသန့်အမျိးမျိုး နှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုစနစ်တကျဖြစ်စေရန်နှင့် ထိရောက်မှုရှိစေရန်တို့အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ဦးစားပေးကုန်စည်အမျိုးအစား ၁၀ မျိုးအား သတ်မှတ်ကာလများအတိုင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးသွား မည်ဖြစ်ကြောင်း သိရသည်။

      ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ ကျန်းမာ​ရေးမှူးနှင့်ဝန်ထမ်းများ၊ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံရုံးက ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများ တာဝန်ရှိသူများပူးပေါင်း၍ မြို့နယ်အတွင်း စားသောက်ကုန်​ရောင်းချသည့် အရောင်းဆိုင်(၁၂)ဆိုင်၌  အသင့်စားမုန့်အမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ အချိုရည်နှင့်ယိုမျိုးစုံ၊ စည်သွပ်အစားအစာအမျိုးမျိုး၊ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်ကုန်ပစ္စည်းများ၊ စား​သောက်ကုန်များ၊ ကုန်ခြောက်များနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ် ရှိ၊ မရှိ အခြေအနေများ၊ ရောင်းချနေသည့် ကုန်ပစ္စည်းအမျိုး အစားများအလိုက် (FDA)ခွင့်ပြုချက်ပါရှိမှု၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှု ရှိမရှိအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးကြပြီး ဈေးအတွင်းရှိ ဆိုင်ပိုင်ရှင်များအား အစားအ​သောက်ကုန်သွယ်​ရောင်းချသူများ လိုက်နာရန်အချက်များ၊ ခွင့်မပြုဆိုး​ဆေးများ​ရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခြင်းနှင့် အသိပညာ​ပေးလက်ကမ်းစာ​စောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)