Main menu

ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုထ္ထအပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး တစ်ပြည် ၇၈၀၀ ကျပ်၊ ဧည့်မထ (ဒေသ) ဆန် တစ်ပြည် ၅၂၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များအနေ ဖြင့် ကြက်သွန်နီ တစ်ပိဿာ ၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ (ရှမ်းစ) တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ ငရုတ်သီး ခြောက်(ပွ) တစ်ပိဿာ ၂၇၀၀၀ ကျပ်၊ ဆား တစ်ပိဿာ ၄၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၄၀၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၄၀၀၀ ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ပဲတောင့်ရှည် တစ်စည်း ၁၀၀၀ ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ် ၂၀၀၀ ကျပ်နှင့် ဂျင်း(ချင်း) တစ်ပိဿာ ၈၀၀၀ ကျပ် စသည်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

          ကျိုင်းတုံမြို့တွင် စက်တင်ဘာလ စတုထ္ထအပတ်အတွင်း စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၁၂၀၀၀ ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၂၃၀၀၀ ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၅၀၀ ကျပ်နှင့် ဘဲဥ တစ်လုံး ၇၅၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်း များမှာ ကြက်သား (CP) တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၃၈၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၃၂၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၂၇၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၈၀၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

          ကျိုင်းတုံမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင် စက်တင်ဘာလ တတိယအပတ် နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ငရုတ်ခြောက်ရှည်နှင့် ကြက်သား(ဒေသ)တို့ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ပါသည်။ ယင်းသို့ ငရုတ်ခြောက်ရှည်ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဝယ်ရင်းဈေးမြင့်တက် ခဲ့သောကြောင့်လည်းကောင်း၊ ကြက်သား(ဒေသ)ဈေးနှုူန်း မြင့်တက်ရခြင်းမှာ ဝယ်လိုအားများသော ကြောင့်ဖြစ်ပါသည် ကျန်အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)