
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ အဖွဲ့သည် (၂၅.၉.၂၀၂၅) ရက်နေ့ နံနက် (၁၁:၄၅) နာရီအချိန်တွင် ကျောက်တံတားမြို့နယ်၊ အမှတ် (၃၂၅)၊ ဗိုလ်အောင်ကျော်လမ်း၊ (၉) ရပ်ကွက်ရှိHW Collection Online Shop လုပ်ငန်းနှင့် ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၂၂၂)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ (၂) ရပ်ကွက်ရှိ ဒေါ်ကြည်သန်း(၂)ကို မင်းသူ Online Shop သို့ သွားရောက်၍ Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ နှင့် မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များအကြောင်းကိုလည်းကောင်း အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)