
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၂.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြန်အောင်မြို့နယ် အမှတ်(၂)ရပ်ကွက်နှင့်အမှတ်(၃)ရပ်ကွက်ရှိ စားအုန်းဆီလက်လီ/ လက္ကားအရောင်းဆိုင်များအား ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် ခွဲတမ်းရ စားသုံးဆီ အရောင်းဆိုင်လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီရောင်းချရာတွင် ရပ်ကွက်၊ကျေးရွာနေပြည်သူများအား နှံ့နှံ့စပ်စပ် ရောင်းချပေးရန်၊ ဆီရောင်းချရာတွင်လည်း Daily စာရင်းများပြုစုထားရှိပြီး သတ်မှတ်ရည်ညွှန်းဈေး ထက်မပိုပဲ မှန်မှန်ကန်ကန်ရောင်းချရန်၊ ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးရေးသားထားသည့် ဗွီနိုင်းများကို ချိတ်ဆွဲထား၍ရောင်းချရန် စိစစ်ခဲ့ပြီး၊ စားသုံးဆီလက်လီ/ လက္ကားဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ် ရည်ညွှန်းဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိပြီး၊ အိမ်ထောင်စုများအား ဆီစာအုပ်ဖြင့် ဖြန့်ဝေရောင်းချရာတွင် တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး တစ်လလျှင် (၃)ကြိမ် ရောင်းချကြောင်း ၊ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သိရှိရပါသည်။
DOCA (ဧရာဝတီ)