Main menu

မူဆယ်မြို့ရှိ ကြက်ဥနှင့် ဘဲဥဈေးနှုန်းများ

Powered by Drupal

    ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၊ မြို့မဈေးတွင် ရောင်းချနေသော ကြက်ဥနှင့်ဘဲဥ ဈေးနှုန်းများမှာ ကြက်ဥတစ်လုံးလျှင် (၄၈၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၈၀၀) ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

     ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေးအခြေနေများ ကြောင့် ကုန်စည်စီးဆင်းမှုများခက်ခဲလျက်ရှိနေပြီး၊ နယ်စပ်ဖြစ်သော တရုတ်ပြည်မှတစ်ဆင့်အဓိက ထားပြီး တစ်နိုင်တစ်ပိုင်စားသုံးရန်ယူ၍ ရောင်းချနေရကြောင်း၊ အရောင်းအဝယ်များလည်းပါးနေကြောင်း မြို့တွင်းနေထိုင်သူပြည်သူများထံမှ သိရှိရပါသည်။

DOCA(ရှမ်း)