Main menu

မအူပင်မြို့နယ် တွင် ဟင်းသီးဟင်းရွက် အရောင်းအဝယ်တွင်ကျယ်လျက်ရှိ

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် ရေထွက်ပစ္စည်း ပေါများသလို၊ ဒေသထွက် ဟင်းသီးဟင်းရွက်များလည်ပေါများသည်။ အခြားဒေသထွက် ဟင်းသီးဟင်းရွက်များလည်း ဝင်ရောက်၍ ရောင်းချလျက်ရှိသည်။ ဒေသတွင်းလိုအပ်သော ဟင်းသီးဟင်းရွက်များကို မြို့နယ်အတွင်းရှိ အနီးနားပတ်ဝန်းကျင် ကျေးရွာများတွင် စိုက်ပျိုးလျက်ရှိပါသည်။ မိုးသီးနှံ၊ ဆောင်းသီးနှံ၊ နွေသီးနှံ စိုက်ပျိုးကြသော်လည်း ဒေသတွင်း ဖြစ်ထွန်းနေသော ဟင်းသီးဟင်းရွက်များမှာ ပြောင်းဖူး၊ ငှက်ပျော၊  ဂေါ်ဖီပွင့်၊ ဓေါ်ဖီထုတ်၊  ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ ပဲတောင့်ရှည်သီး၊ ကျောက်ဖရုံသီး၊ သခွားသီး၊ ကွမ်းရွက်၊ ရုံပတီသီး၊ ချဉ်ပေါင်ရွက်၊ ပန်းအမျိုးမျိုး၊ ခရမ်းသီး၊ မုန့်လာဥ၊ တို့ကို စိုက်ပျိုးရောင်းချနေကြောင်း သိရပါသည်။ ယခုရက် သတ္တပတ်အတွင်း ရန်ကုန် ဂေါ်ဖီပွင့် (တစ်ပွင့်) ကျပ် ၄၀၀၀၊ ရန်ကုန် ခရမ်းချဉ်သီး (တစ်ပိဿာ) ကျပ်- ၅၅၀၀ ၊ ငရုပ်သီးစိမ်း ၁ပိဿာ ကျပ်-၅၀၀၀၊ ပဲတောင့်ရှည်သီး (တစ်စည်းလျှင်) ကျပ်-၂၅၀၀ ၊ ရန်ကုန် မုန့်ညှင်းစိမ်း ၁စီး ၇၀၀ကျပ်၊  မုန့်ညှင်းရွက် ၁စီး ၅၀၀ကျပ်၊ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)