Main menu

သက်ဆိုင်ရာမိတ်ဖက်ဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကုန်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင်ကြည့် ကွင်းဆင်း စစ်ဆေး ကြပ်မတ်

Powered by Drupal

         မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော် မြို့နယ်တာဝန်ခံတို့သည် သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျန်းမားရေးဦးစီးဌာန၊ အစား  အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့နှင့် အလျဉ်းသင့်သလို ပူးပေါင်း၍ စားသုံးသူများ ဒေသတွင်းအခြေခံစားသောက်ကုန်များနှင့် အသုံးအဆောင် ပစ္စည်းအမျိုးမျိုးတို့အား  သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးကို အဓိကထား၍ ကုန်စုံဆိုင်များ၊ စားသောက်ကုန်ဆိုင်များ၊ လောင်စာဆီဆိုင်များ စားအုန်းဆီဆိုင်များနှင့် ဆေးဝါးဆိုင်များကို ၂၂-၉-၂၀၂၅ ရက်နေ့ နံနက် ၁၀နာရီအချိန်က ကွင်းဆင်းစစ်ဆေးကြပ်မတ် ဆောင်ရွက်ခဲ့ပါသည်။

            စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးအောင်ကျော်သက်က စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တွင်း ပြည်သူများ အခြေခံစားသောက်ကုန်နှင့် အခြားသော အသုံးအဆောင်ပစ္စည်းအမျိုးမျိုးကို သင့်တင်မျှတသော ဈေးဖြင့် ဝယ်ယူနိုင်ရေး၊ ကုန်စည်အမျိုးမျိုးတွင် ကုန်အညါှန်အ၎ှတ်အသားဖော်ပြပါဝင်ခြင်းရှိမရှိ၊ စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက်များတွင် ပါဝင်သော အချက်အလက်များ ကိုက်ညီသော ကုန်စည်များ ရောင်းချခြင်းရှိမရှိ၊ ဒေသတွင်း ကုန်ဈေးနှုး အခြေအနေများကို မေးမြန်းခြင်း၊ သက်ဆိုင်ရာ ဌာနဆို့’ ခွင့်ပြုချက်ထောက်ခံချက် ပါရှိမှု ရှိမရှိကို စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ရောင်းချသော ဆိုင်ရှင်များကို ဒေသတွင်းကုန်စည်များ ရောင်းချရာ၌ သင့်တင်မျှတသော ဈေးဖြင့် ရောင်းချရန်၊ သိုလှောင်ပြီး ဈေးကစားရန် ပြုလုပ်ခြင်းများ မရှိစေရေးကို ဆိုင်ရှင်များအား မှာကြားစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)