Main menu

မာဃပဲမုန့်လုပ်ငန်းသို့ ကွင်းဆင်းလေ့လာဆောင်ရွက်

Powered by Drupal

               စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်း (၁) ဦးသည် ဓနုဖြူမြို့နယ်၊ အမှတ်(၉၄)၊ သီရိရတနာလမ်း၊ (၇)ရပ်ကွက်ရှိ မာဃပဲမုန့်လုပ်ငန်းသို့ (၂..၂၀၂)နေ့ နံနက်  (၁၁:၀၀)နာရီ အချိန်တွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။

            မာဃပဲမုန့်လုပ်ငန်းပိုင်ရှင် ဒေါ်ထိုက်ထိုက်ဝင်းက ဂျုံ၊ ပဲ၊ ထန်းလျက် နှင့် အခြားပါဝင်ပစ္စည်း များကို ဓာတုဆေးမပါဝင်ပဲ အချိုးကျ ကောင်းမွန်သောအရသာရရှိအောင် ဆောင်ရွက်၍ ရောင်းအား အနေဖြင့် တစ်နေ့လျှင် ဗူး(၃၀၀)ခန့်ရောင်းရပြီး တစ်ဗူးလျှင် (၀၀၀)ကျပ်ဖြင့် ရောင်းချပေးလျက် ရှိကြောင်း ဆွေးနွေး လေ့လာသိရှိခဲ့ရပါသည်။

            မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ် အသားများအကြောင်းနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးတို့ကို အသိပညာပေးဆောင်ရွက်ပြီး လုပ်ငန်းခွင်သန့်ရှင်းရေးနှင့် ဈေးကွက်ရရှိမှုတို့အပေါ် ရှင်းလင်းဆွေးနွှေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)