
ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ဖျာပုံ၊ ကျိုက်လတ်နှင့် ဒေးဒရဲမြို့နယ်များမှ ထွက်ရှိသော ပေါ်ဆန်း၊ ဧည့်မထဆန်များအား တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် ( မြိတ်မြို့ )သို့ ရေလမ်းဖြင့် တင်ပို့လျက်ရှိပါသည်။ ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်မှ မြိတ်မြို့သို့ စက်တင်ဘာလ(၁)ရက်နေ့မှ (၂၂)ရက်နေ့ထိ အမ်ဗွီ-စန္ဒီ( ၁ )နှင့် ပြည့်ဖြိုးအောင်(၉)ရေယာဉ်များဖြင့် ပေါ်ဆန်းဆန်(- )အိတ်၊ ဧည့်မထဆန်( ၁၀၂၀၀ )အိတ်၊ စုစုပေါင်း အိတ်အရေအတွက် ( ၁၀၂၀၀ )အိတ်တင်ပို့ခဲ့ပြီး၊ ထိုသို့ တင်ပို့ရာတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF)၏ ရည်ညွှန်းသတ်မှတ်ဈေးများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်သတင်းများအရ သိရှိရပါသည်။
DOCA(ဧရာဝတီ)