Main menu

ဒေးဒရဲမြို့နယ် မူလတန်းကြိုကျောင်း၌ ကျောင်းတွင်းဉာဏ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲ ကျင်းပ

Powered by Drupal

                 ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ကြီးကြပ်မှုဖြင့် ဒေးဒရဲမူလတန်းကြိုကျောင်း၌ ကလေးငယ်များ ဉာဏ်ရည် ဉာဏ်သွေးထက်မြက်စေရန်နှင့် ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍  ကျောင်းတွင်းဉာဏ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးအပ် ပွဲအခမ်းအနားကိုစက်တင်ဘာလ(၂၀)ရက်နေ့နံနက်(၉)နာရီက ဒေးဒရဲ မူလတန်းကြိုကျောင်း၌ ကျင်းပရာ  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်၊ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်မူမူထွန်း၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်သား၊ ကျောင်းသူများနှင့် မိဘများတက်ရောက်ခဲ့သည်။
          အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်က ကလေးများ ကာယဥာဏဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာ ဌာနများပူးပေါင်းဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများရှင်းလင်းဟောပြောခဲ့သည်။  ဆက်လက်၍ ကျောင်းတွင်း ဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပခဲ့ရာ မူလတန်းကြို ကျောင်းသား၊ ကျောင်းသူ များက တစ်ဦးချင်း ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ နှင့် အဖွဲ့လိုက် သီချင်းဆိုပြိုင်ပွဲများကို တပျော်တပါးပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။
         ပြိုင်ပွဲအပြီးတွင် ဆုရရှိသူများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်၊  ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုး ဒေါ်မူမူထွန်း၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်နီနီမြင့်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

(Doca ဧရာဝတီ)