
ကန့်ဘလူမြို့ မြို့မဈေးတွင်လည်းကောင်း၊ ရပ်ကွက်အတွင်းလှည့်လည်ရောင်းချသည့်ဈေး သည်များတွင်လည်းကောင်း ပြောင်းဖူးများကို ရောင်းချလျက်ရှိသည်။ ပြောင်းဖူးများကို ကန့်ဘလူ ဒေသတွင်းမှလည်းကောင်း ဝင်ရောက်လျက်ရှိသည်။ နေ့စဉ်ရောင်းချလျက်ရှိသော ပြောင်းဖူးအမျိုး အစားမှာ ထိုင်ဝမ်ပြောင်းဖူးအမျိုးအစားဖြစ်ပြီး ပြောင်းဖူးပြုတ်ကို လူကြီးလူငယ်မရွေး သရေစာ အဖြစ်စားသုံးကြသလို အိမ်ရှင်မများကလည်း ပြောင်းဖူးအစိမ်းကို ဟင်းချက်ရာတွင်လည်း ထည့်သွင်း ချက်ပြုတ်ကြသည်။၂၀၂၅ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ပြောင်းဖူးများကို ကန့်ဘလူမြို့မဈေးတွင် လက်လီ၊ လက်ကားရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦး၏ ပြောပြချက်အရ ပြောင်းဖူးအစိမ်းအကြီး(၁)ဖူးလျှင် (၅၀၀)ကျပ်၊ အသေး(၁)ဖူးလျှင် (၃၅၀)ကျပ်၊ (၃)ဖူးလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)