Main menu

ဖျာပုံမြို့သန့်ရှင်းသာယာလှပစေရေးနှင့်ရေစီးရေလာကောင်းမွန်စေရေးစုပေါင်းသန့်ရှင်းရေးဆောင်ရွက်

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ခြင်းကို စက်တင်ဘာလ (၁၃)ရက်နေ့ နံနက် (၇)နာရီ အချိန်က ဖျာပုံမြို့ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ကြသည်။
         အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင်ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊နှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများနှင့် တာဝန်ရှိသူများနှင့်ပြည်သူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖျာပုံမြို့ပြည်သူ့ဆေးရုံကြီးဝန်း အတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှိုက်များ ရှင်းလင်းခြင်း၊ရေနှုတ်မြောင်းများတူဖော်ခြင်း၊ ခြင်၊ ယင် ပေါက်ပွားမှု မဖြစ်ပွားစေရေး ခြုံနွယ်များ ရှင်းလင်းခြင်း၊လမ်းဘေးဝဲယာတို့ရှိ မြက်ပင်များအားမြက်ရိတ်စက်များဖြင့် ဖြတ်တောက် ခြင်း တို့ဆောင်ရွက်ကြပြီး  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် အမှိုက်များလိုက်လံ သိမ်းဆည်းခဲ့ကြသည်။ ဖျာပုံမြို့နယ်အနေဖြင့် အပတ်စဥ် စနေနေ့ တိုင်း  အခြေခံပညာကျောင်းများ၊ဘုရားစေတီ၊ပုထိုးများ၊သောက်ရေကန်များ၊မြို့ဝင်မြို့ထွက်နေရာများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

( Doca ဧရာဝတီ )