
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင်(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှ ယာယီဒုတိယရဲမှူးကြီး သန်းဦး၊ဦးဆောင်သောတပ်ဖွဲ့ဝင်များကစုပေါင်းသွေးလှူဒါန်းပွဲကို စက်တင်ဘာလ (၁၂)ရက်နေ့ နံနက် (၉)နာရီ အချိန်ကဖျာပုံပြည်သူ့ဆေးရုံးကြီးဝန်း၊သံဃာဆေးရုံးတွင်ကျင်းပသည်။
အဆိုပါ(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်း သွေးလှူဒါန်းရာတွင်ဖျာပုံခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့်အမှတ် (၈၀) ယာဉ်ထိန်းတပ်ဖွဲ့စု(ဖျာပုံ) တို့မှ(အရာရှိ/အခြားအဆင့်)တပ်ဖွဲ့ဝင်များစုပေါင်းပါဝင်သွေးလှူးဒါန်းကြပြီးဖျာပုံခရိုင်ရဲတပ်ဖွဲ့မှယာယီ ဒုတိယရဲမှူးကြီး သန်းဦး၊ဖျာပုံပြည်သူ့ဆေးရုံးကြီးမှဆေးရုံအုပ်ကြီးဒေါက်တာရဲဝင်း၊ ဖျာပုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဌေးနိုင်ဦး၊ လုံခြုံရေးတပ်ခွဲမှူး ရဲမှူး စိန်လွင်အောင်နှင့် အမှတ် (၈၀) ယာဉ်ထိန်း တပ်ဖွဲ့စု(ဖျာပုံ) မှ ဒုရဲအုပ် ဝိုင်းအောင်ချစ်တို့ကလှည့်လည်ကြည့်ရှုအားပေးကြသည်။ ထိုနောက် သွေးလှူးဒါန်ကြသူများအားဖျာပုံခရိုင်ရဲတပ်ဖွဲ့မှ ယာယီဒုတိယရဲမှူးကြီး သန်းဦးနှင့်တာဝန်ရှိ သူများမှ ဖြည်စွက်စာကြက်ဥနှင့်အားဖြည့်အချိုရေးများလိုက်လံထောက်ပံ့ပေးခဲ့ကြောင်းသိရှိရသည်။
( Doca ဧရာဝတီ )