Main menu

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

Powered by Drupal

 ‌            အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၂၂.၉.၂၀၂၂)နှင့် ယခုအပတ် (၂၈.၉.၂၀၂၂)ရက်နေ့အတွင်း နှမ်းဖြူ (၄၅)ပိဿာတစ်အိတ်လျှင် ယခင်အပတ် (၂၉၀၀၀ဝိ/-) ယခုအပတ်(၂၇၀၀၀ဝိ/-)ဖြစ်၍ (၂၀၀၀ဝိ/-)ဈေးလျော့၊ နှမ်းနီ ယခင်အပတ် (၂၆၀၀၀ဝိ/-)ယခုအပတ် (၂၅၀၀၀ဝိ/-)ဖြစ်၍ (၁၀၀၀ဝိ/-)ဈေးလျော့၊ နှမ်းနက်(စမုံ) ယခင်အပတ် (၃၁၅၀၀ဝိ/-)ယခုအပတ် (၃၀၅၀၀ဝိ/-)ဖြစ်၍ (၁၀၀၀ဝိ/-)ဈေးလျော့၊ နှမ်းပြာယခင်အပတ်(၂၆၀၀၀ဝိ/-) ယခုအပတ် (၂၅၅၀၀ဝိ/-)ဖြစ်၍ (၅၀၀ဝိ /-)  အသီးသီးဈေးနှုန်းများလျော့ကျခဲ့ကြောင်း သိရှိရပါသည်။

            ပဲမျိုးစုံစျေးကွက်တွင် ကုလားပဲ(HL) (၂၀)ပိဿာတစ်တင်းလျှင် ယခင်အပတ်(၆၅၀၀ဝိ/-) ယခုအပတ် (၆၁၀၀ဝိ/-)ဖြစ်၍ (၄၀၀ဝိ/-)ဈေးလျော့၊ ၊ကုလားပဲ(မြကြေး) ယခင်အပတ်(၆၄၀၀ဝိ/-) ယခုအပတ် (၆၁၀၀ဝိ/-)ဖြစ်၍ (၃၀၀ဝိ/-)ဈေးလျော့၊  ပဲစဉ်းငုံနီ ယခင်အပတ်(၆၆၇၀ဝိ/-) ယခု အပတ်(၆၆၅၀ဝိ/-) ဖြစ်၍ (၂၀ဝိ/-) ဈေးလျော့ခဲ့ပြီး၊ ပဲကြီး ယခင်အပတ်(၈၀၀၀ဝိ/-) ယခုအပတ် (၈၀၀၀ဝိ/-) ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ မတ်ပဲ ယခင်အပတ်(၆၃၀၀ဝိ/-) ယခုအပတ် (၆၄၀၀ဝိ/-) ဖြစ်၍ (၁၀၀ဝိ/-) ဈေးမြင့်ခဲ့ပြီး၊ မြေပဲလုံးဆံ(ဖြူ) တစ်ပိဿာလျှင် ယခင်အပတ် (၅၈၀ဝိ/-) ယခုအပတ် (၅၅၀ဝိ/-) ဖြစ်၍ (၃၀ဝိ/-)ဈေးလျော့၊ မြေပဲလုံးဆံ(နီ) ယခင်အပတ်(၅၉၀ဝိ/-) ယခုအပတ် (၅၆၀ဝိ/-) ဖြစ်၍ (၃၀ဝိ/-) ဈေးလျော့၊ မြေပဲတောင့်(စို)တစ်တင်း ယခင်အပတ် (၂၂၀၀ဝိ/-) ယခုအပတ် (၂၀၀၀ဝိ/-) ဖြစ်၍ (၂၀၀ဝိ/-) အသီးသီးဈေးနှုန်းများလျော့ပြီး  အရောင်းအ ဝယ်ပမာဏအနေဖြင့် နှမ်းနက် (စမုံ) (၅၅၀၀)အိတ်၊ နှမ်းပြာ(၃၈၀)အိတ်၊ နှမ်းဖြူ(၉၀)အိတ်၊ နှမ်းနီ (၁၇၀)အိတ်၊ ပဲစဉ်းငုံနီ(၁၂၀၀)အိတ်၊ မတ်ပဲ(၁၁၀)အိတ်၊ ကုလားပဲ(HL) (၄၃၀)အိတ်၊ ကုလားပဲ (မြကြေး) (၃၀၀)အိတ်၊ ပဲကြီး(၇၀၀)အိတ်၊ မြေပဲလုံးဆံ (ဖြူ)(၉၅၀)အိတ်၊ မြေပဲလုံးဆံ(နီ) (၃၈၀) အိတ် နှင့်မြေပဲတောင့်(အစို)(၅၀၀၀)တင်းတို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)