
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် စားသုံးသူများ ဘေးကင်း လုံခြုံစိတ်ချမှုရှိစေရေးအတွက် ရည်ရွယ်၍ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ စည်ပင် သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ (၂၂-၉-၂၀၂၅) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကံမမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ စစ်ဆေးရာတွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ သက်တမ်းလွန်ဆေးဝါးများ၊ တရားမဝင်ဆေးဝါးများ တင်သွင်းရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကံမမြို့နယ်တာဝန်ခံမှ မြန်မာဘာသာဖြင့် ဖော်ပြပါရှိသော ကုန်စည်များသာရောင်းချရန်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းလွန်ရက်စွဲများကို အလေးထားကြည့်ရှုရောင်းချရန်၊ တရားမဝင်ဆေးဝါးများ ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမပြုရန်၊ ဆေးဈေးနှုန်းများ မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေးတို့အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရပါသည်။
DOCA(မကွေး)
