Main menu

မိတ္ထီလာမြို့နယ်ရှိ Online Sale ရောင်းချလျက်ရှိသည့် လုပ်ငန်းများအား မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းမျာသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ No.မမ၂၉၈၊ စာတိုက်လမ်း၊ မြို့မရပ်ကွက်၊ နယ်မြေ (ပန်းထိမ်တန်း) ရှိ ညိမ်းသူထိုက် Online Sale   ရောင်းချသည့်ဆိုင်နှင့် အောင်ဇေယျာရပ်ကွက်၊ နယ်မြေ (၁) ၊ မန္တလေးလမ်းမတော်လမ်းရှိ Billion Mart Cosmetics  ရောင်းချသည့်ဆိုင်တို့သို့ သွားရောက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးမှ Online စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း များနှင့်ပတ်သတ်၍ အချက်အလက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ ရောင်းချသောပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်သား ပြည့်စုံစွာပါဝင်ခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားကြောင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)