
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ စက်တင်ဘာလ(စတုတ္ထပတ်)တွင် ပဲစဉ်းငုံ သီးနှံများ ဈေးကျဆင်းပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၅ ခုနှစ်၊ သီးနှံပေါ်စ ဇန်နဝါရီလတွင် တစ်တင်းလျှင် ကျပ်(၁၂၆၅၀၀-၁၂၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ပြည်ပ ဈေးကွက် ဝယ်လိုအားနည်း၍ ဈေးတရိပ်ရိပ်ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူ ပဲစဉ်းငုံဈေးကွက်သို့ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ အများဆုံးဝင်ရောက်ပြီး ယခုရာသီချိန်တွင် တောင်သူများတွင် ပဲလက်ကျန်နည်းပြီး မြို့ပေါ်ရှိ ကုန်သည်များမှ သီးနှံလှိုင်လှိုင်ပေါ်ချိန်တွင် ဝယ်ယူ သိုလှောင်ထားသော ပဲစဉ်းငုံနီများ ပြန်လည်ဖြန့်ဖြူးမှုများကြောင်း၊ ဩဂုတ်လ (စတုတ္ထပတ်)တွင် တစ်ရက်လျှင် ပဲစဉ်းငုံနီ ပိဿာ(၃၀)ဝင် အိတ် (၃၀၀-၃၅၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။
ဈေးနှုန်းအနေဖြင့် ပဲစဉ်းငုံနီ တစ်တင်းလျှင် အရောင်းအဝယ်ဖြစ်သောဈေးနှုန်းမှာ ဖေဖော် ဝါရီလတွင် ပဲစဉ်းငုံနီတစ်တင်းလျှင် အမြင့်ဈေး ကျပ်(၉၃၀၀၀-၉၂၀၀၀)၊ မတ်လတွင် ပဲစဉ်းငုံနီ တစ်တင်းလျှင် ကျပ်(၉၄၅၀၀-၉၃၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဧပြီလတွင် တစ်တင်း လျှင် ကျပ်(၉၃၀၀၀-၉၂၆၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ မေလတွင် တစ်တင်းလျှင် ကျပ် (၇၈၀၀၀-၇၅၀၀၀) အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဇွန်လတွင် ပဲစဉ်းငုံ တစ်တင်းလျှင် ကျပ် (၈၆၀၀၀-၈၅၀၀၀)ဖြင့် ဈေးတက်၍ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဇူလိုင်လတွင် ဈေးဆက်လက်မြင့်တက်၍ ပဲစဉ်းငုံတစ်တင်းလျှင် ကျပ်(၈၈၀၀၀-၈၅၀၀၀)ဈေးဖြင့်အရောင်း အဝယ်ဖြစ်ပြီး ယခင် စက်တင် ဘာလ(ပထမပတ်)တွင် ပဲစဉ်းငုံတစ်တင်းလျှင်ကျပ် (၇၇၀၀၀-၇၇၂၀၀)၊ စက်တင်ဘာလ (တတိယ ပတ်)တွင် ဈေးငြိမ်နေပြီး စက်တင်ဘာလ(စတုတ္ထပတ်)တစ်တင်းလျှင် ကျပ် (၇၅၀၀-၇၅၂၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ဈေးကွက်သို့ ကုန်ဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပခုက္ကူဈေး ကွက်သို့ ဝင်ရောက်လာသည့် ပဲစဉ်းငုံနီ များကို ရန်ကုန်၊ မန္တလေး ဈေးကွက်သို့ တင်ပို့ပြီး ထိုမှတစ်ဆင့် ပြည်ပအိန္ဒိယနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ ပဲစဉ်းငုံသီးနှံသည် ပြည်ပို့ကုန် ပဲတစ်မျိုး ဖြစ်၍ ဈေးကွက် ဝယ်လိုအားပေါ် မူတည်ပြီး နေ့စဉ်နှင့်အမျှ ဈေးနှုန်းပြောင်းလဲမှုရှိကြောင်း ဈေးကွက်မှ သိရှိရသည်။
DOCA(မကွေး)
