Main menu

ပခုက္ကူကြက်သွန်နီ စက်တင်ဘာ(စတုတ္ထပတ်)ဈေးနှုန်းဈေးကွက်နှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာတို့မှ ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီများကို စိုက်ပျိုးထုတ်လုပ်လျက် ရှိပါသည်။ ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းနယ်များ သာမက ရေနံ ချောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများမှလည်း ဥပုသ်နေမှလွဲ၍ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီ ဈေးကွက်အနေဖြင့် ယခုတစ်ပတ်တွင် ဈေးနှုန်းအနည်းငယ်တက်လျက်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှကုန်ချိန်(၃၅၀၀၀)ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရှိရသည်။

   ၂၀၂၅ခုနှစ်၊ စက်တင်ဘာ(စတုတ္ထပတ်)တွင် ကြက်သွန်နီ ကုန်စည်ဒိုင်တွင် အရောင်းအဝယ် ဖြစ်ခဲ့သော ဈေးနှုန်းမှာ  တစ်ပိဿာလျှင် ထိပ်စ ကျပ်(၁၂၅၀) ၊ အလတ်စ ကျပ်(၁၀၀၀)၊ အနိမ့်စ ကျပ်(၈၀၀)ဖြစ်ပြီး ယခင်ဩဂုတ်(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်နေပြီး  အရောင်းအဝယ်ကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်၊ ဟင်္သာတနှင့် မြဝတီမြို့များသို့ နေ့စဉ် တင်ပို့နေပြီး ပိဿာချိန်(၃၀)ဝင်အိတ် (၁၀၀၀ မှ ၂၀၀၀ ထိ)တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

     ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတွင် ရောင်းချနေသော ကြက်သွန်နီ လက်လီ ဈေးမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၈၀၀) မှ အနိမ့်ဈေး ကျပ်(၁၂၀၀)ထိ အရောင်းအဝယ် လျက်ရှိပါသည်။

DOCA(မကွေး)