Main menu

ကန့်ဘလူမြို့ဟင်းသီးဟင်းရွက်ဈေးရှိ မုန့်ညှင်းရွက်နှင့် မုန့်ညှင်းချဉ်ဈေးနှုန်း

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိ ရာစားဖိုဆောင်သီးနှံများကို ရာသီချိန်အလိုက် စိုက်ပျိုးကြကြောင်း၊ မုန့်ညှင်းရွက်ကို မြို့ပေါ်ရပ် ကွက်များတွင်သာမက ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း မိမိတို့နေအိမ်ခြံဝင်းများ၊ ယာကွက်များတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း သိရှိရသည်။

         ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် မုန့်ညှင်းချဉ် (၁)ပုဂံလျှင် (၃၀၀)ကျပ်၊ (၂)ပုဂံလျှင် (၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ စက်တင်ဘာလ စတုတ္ထပတ် အတွင်းမုန့်ညှင်းရွက်လက်လီ(၁)စီးလျှင် (၄၀၀)ကျပ်၊  လက္ကား(၄)စီးလျှင် (၁၅၀၀)ကျပ်၊ (၁၀)စီး လျှင် (၃၇၀၀)ကျပ်ဈေးနှုန်းဖြင့်လည်းကောင်း၊ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များစသည့်တို့မှ နေ့စဉ်ဝယ်ယူသည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကာ မိသားစုအပိုဝင်ငွေရရှိကြောင်း ဟင်းသီး ဟင်းရွက် ရောင်းချသူထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)