Main menu

ကန့်ဘလူမြို့နယ်၌ မြေပဲလုံးဆံဈေးနှုန်း အနည်းငယ်ကျဆင်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မြေပဲလုံးဆံများကို မြေပဲစိုက်ပျိုးရာ၌လည်းကောင်း ၊ ဆီစက်လုပ်ငန်းရှင် အချို့မှ မြေပဲဆီကြိတ်ကာ ကုန်ချောထုတ်လုပ်၍ ပြန်လည်ရောင်းချပြီး မြေပဲလုံးဆံကို မြေပဲယို၊ မြေပဲဆားလှော် စသည်ဖြင့်လည်း အသုံးပြုကြကြောင်း သိရသည်။

     ကန့်ဘလူမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း အရောင်းအဝယ် ဖြစ်နေသည့် မြေပဲလုံးဆံများကို ဒေသတွင်းရှိ စိုက်ပျိုတောင်သူများထံမှလည်းကောင်း၊ မန္တလေး မြို့နှင့် ရွှေဘိုမြို့တို့မှလည်းကောင်း ဝင်ရောက်လျက်ရှိကြောင်း၊ စက်တင်ဘာလ စတုတ္ထပတ်အ တွင်းမြေပဲလုံးဆံတစ်ပိဿာလျှင် (၇၇၀၀)ကျပ်နှင့် (၂၅)ပိဿာတစ်အိတ်လျှင် (၁၉၂၅၀၀)ကျပ် ဈေးနှုန်းဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်တတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း မြေပဲလုံးဆံတစ်အိတ်လျှင်(၆၂၅၀)ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း လုပ်ငန်း ရှင်များထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)