
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၂၉.၉.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၉၆၅ အိတ်နှင့် ဈေးနှုန်း မှာ ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၂၈၅ နှင့် ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၃၄၀ နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၈၅ နှင့် ဈေးနှုန်းများမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၉၆၄ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး အနောက်မှ ရှယ်စ ၄၂၈၀ အိတ်နှင့် ဈေးနှုန်း မှာ ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၀၉၆ နှင့် ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၇၄၅ နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၆၇ နှင့် ဈေးနှုန်းများမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၈၂၀ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၈၂၀၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၂၄၇၊ လက်စအိတ်ရေ ၁၆၂၀၊ ၂၅ မတ်ဆန်အိတ် ၈၄၂၊ ဆန်ကွဲ အိတ်ရေ ၅၉၃၄ အိတ်တို့ဝင်ရောက် ကြောင်း သိရှိရပါသည်။
၂၆.၉.၂၀၂၅ ရက်နေ့တွင် ပဲခူးအရှေ့မှ ဆန်အမျိုးအစားပေါင်း ၁၆၆၃၉ အိတ်၊ပဲခူးအနောက် မှ ၁၅၉၁၇ အိတ်၊ဧရာဝတီတိုင်းမှ ၁၅၄၉၀နှင့် စုစုပေါင်း ၄၈၀၄၆ အိတ်တို့ ဝင်ရောက်ပြီး ဈေးနှုန်း များမှာ ယခင်နေ့များ အတိုင်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
