Main menu

မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်သည့် ပဲငပိအစိုနှင့် ပဲငပိအခြောက်ဈေးနှုန်း

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ကုန်စုံဆိုင်များတွင် လူသုံးကုန် ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မီးဖိုချောင်သုံးပစ္စည်းဖြစ်သည့် ငပိ၊ ဆား၊ ဟင်းချိုမှုန့် တို့အပြင်၊ ပဲငပိအစိုနှင့် ပဲငပိအခြောက်များကို ရွှေဘိုမြို့နှင့် ရေဦးမြို့မှ ဝယ်ယူရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူ“မြို့မဈေး”ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျှက်ရှိသော ပဲငပိအစိုဈေးနှုန်းမှာ ပဲငပိအစို လက်လီ(၁)ပိဿာလျှင် (၇၅၀၀)ကျပ်၊  လ်ကား(၁)ပိဿာလျှင် (၇၂၀၀)ကျပ်၊ ရေဦးပဲငပိခြောက် (အချို)(၁)ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ (အငံ)(၁)ပိဿာလျှင် (၁၅၅၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၁၆၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ပုံမှန်အ ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်တတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲငပိအစို(၁)ပိဿာလျှင် (၂၀၀)ကျပ်ဈေးနှုန်းကျဆင်းသွားကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA (စစ်ကိုင်း)