Main menu

ကန့်ဘလူမြို့ရှိ လူကြိုက်များသည့်သရေစာ နို့မလိုင်လုံး ဈေးနှုန်း

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံဆိုင်များတွင် သရေစာ စားစရာ များဖြစ်သည့် ကြံသကာ၊ ဇီးတော်ဖီ၊ မြေပဲယို၊ နှမ်းယို၊ ဖရုံယို၊ ကုလားပဲချောင်းနှင့် မလိုင်လုံးများကို ရွှေဘို မြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချသည့်အပြင် ဒေသထွက်များလည်းရောင်းချလျက်ရှိကြောင်း၊ သရေစာ မလိုင်လုံကို ဧည့်သည်များအား တည့်ခင်းဧည့်ခံရာ၌လည်းကောင်း၊ အချိုတည်းစရာဖြစ်လည်း ကောင်း ဝယ်ယူအသုံးပြုလျက်ရှိကြောင်း  သိရသည်။

      ၂၀၂ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း မလိုင်လုံးလက်လီတစ်ပိဿာလျှင် (၉၈၀၀၀) ကျပ်၊ မလိုင်လုံးလက္ကားတစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်တတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း မလိုင်လုံး (၁)ပိဿာလျှင်(၂၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA (စစ်ကိုင်း)