
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကို အဓိကထားစိုက်ပျိုးလျက် ရှိရာ တောင်သူများသည် စပါး၊ပဲ၊ပြောင်းသီးနှံများအပြင် မိသားစုအပိုဝင်ငွေတိုးအောင် သီးထပ် သီးညှပ်အဖြစ် စားဖိုဆောင်သီးနှံများသော ငရုတ် ၊ ကြက်သွန်သီးနှံများအပြင် အမြှုပ်သခွား(ခ) သခွားရှည်သီးများကိုလည်း စိုက်ပျိုးလာကြပါသည်။
သခွားသီးနှံကို ရာသီမရွေးစိုက်ပျိုးနိုင်သော ကြောင့်ဝင်ငွေတိုးကြောင်း၊ သခွားပင်သည်စိုက်ပျိုးပြီး(၃)လအကြာတွင် ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ သခွားစိုက်ပျိုးမှုအနေဖြင့်(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၅၀၀၀၀၀/-)ကျပ်ကုန်ကျကြောင်း၊ (၁)ဧက သခွားသီး အလုံးပေါင်း (၅၀၀၀) လုံးခန့် သီးနိုင်ကြောင်း ၊ သခွားသီးစျေးနှုန်းအနေဖြင့် လက်ကားစျေး အလုံးကြီးတစ်လုံးလျှင် ဩဂုတ်လတွင် (၂၅၀/-)ကျပ် ရောင်းချခဲ့ရပြီး ယခုလက်ရှိပေါက်စျေးမှာ(၄၀၀/-)ကျပ်အထိ စျေးရှိကြောင်း၊ အလတ် တစ်လုံးလျှင် ယခင်(၂၀၀/-)ကျပ် ရောင်းချခဲ့ရပြီး ယခုလက်ရှိ ပေါက်စျေးမှာ(၃၀၀/-)ကျပ်အထိ စျေးရှိကြောင်း ၊ အလုံးအသေး တစ်လုံးလျှင် ဩဂုတ်လတွင် (၁၅၀/-)ကျပ်ရောင်းချခဲ့ရပြီး ယခု လက်ရှိပေါက်စျေးမှာ(၂၅၀/-) ကျပ်စျေးများဖြစ်ပြီး လက်လီစျေးအနေဖြင့် အလုံးကြီးတစ်လုံးလျှင် (၆၀၀/-) ၊ အလတ်တစ်လုံးလျှင် (၄၅၀/-)ကျပ်၊ အလုံးအသေးတစ်လုံးလျှင် (၃၀၀/-)ကျပ် စျေးများ ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ သခွားသီးခူးယူရာတွင် (၂-၃)ရက်ခြားလျှင် တစ်ခါခူးဆွတ်ရကြောင်း၊ တစ်ကြိမ်ခူးဆွတ်လျှင် အလုံး ရေ အရော(၃၀၀- ၄၀၀)ခန့်အထိ ခူးယူရောင်းချရကြာင်း၊ (၂)ရက်ခြား အကြီး၊ အသေးအရော ဖောက်သည်စျေးမှာ(၁၀)လုံး လျှင်(၃၀၀/-)ကျပ်စျေးဖြင့် ရောင်းချပေးသော ကြောင့် (၂-၃)ရက်ခြား ဝင်ငွေမှာ(၉၀၀၀၀/-)ကျပ်ခန့်ရှိကြောင်း၊ သခွားသီးကိုလူကြိုက်များပြီး ဝယ်လိုအားရှိသောကြောင့် တောင်သူများကဝင်ငွေတိုးအောင် စိုက်ပျိုးကြပါသည်။
(၁)ဧက အကျိုး အမြတ်အနေဖြင့် စိုက်ပျိုး စရိတ်နှုတ်ပြီး (၁၀၀၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း၊ ယခင်နှစ်ထက် စျေးကောင်းရသောကြောင့် အကျိုးအမြတ်ပိုမိုဖြစ်ထွန်းကြောင်း၊ သခွားသီး စျေးကွက်အနေဖြင့် ကုန်စိမ်းဒိုင် ၊ ကုန်စိမ်းသည်များမှ အခင်းထဲအရောက် လာရောက်ဝယ်ယူကြ ကြောင်း၊ သခွားသီး စိုက်ပျိုးခြင်းဖြင့် စီးပွားလည်းဖြစ် ဝင်ငွေတိုးကာ ကျန်းမာရေးနှင့် ညီညွတ်သောကြောင့် တောင်သူဦးကြီးများ တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)
