
Asian Expo Yangon 2025 ကို မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ Yangon Convention Center တွင် စက်တင်ဘာလ ၂၆ ရက်နေ့က စတင်ကျင်းပခဲ့သည်။ သုံးရက်ကြာ ကုန်စည်ပြပွဲကို Creation Strength Co., Ltd. နှင့် Marketing Dioxide Co., Ltd. တို့ ပူးပေါင်းစီစဉ်ပြီး စက်တင်ဘာလ ၂၈ ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။
ကုန်စည်ပြပွဲတွင် အာရှနိုင်ငံအသီးသီးမှ ကုန်ပစ္စည်းများ၊ ဖက်ရှင်နှင့် လူနေမှုပုံစံများ၊ ကျန်းမာရေးနှင့် အလှကုန်ပစ္စည်းများ၊ လက်ဝတ်ရတနာများ၊ ပညာရေးနှင့် ဝန်ဆောင်မှုများ၊ အစားအသောက်နှင့် အဖျော်ယမကာများ၊ မော်တော်ယာဉ်များနှင့် လျှပ်စစ်ကားများ (EVs) အပါ အဝင် ပြခန်းပေါင်းများစွာအား ကုန်စည်ပြပွဲတွင် ခင်းကျင်းပြသထားသည်။
ကုန်စည်ပြပွဲ၏ ရည်ရွယ်ချက်မှာ အာရှနိုင်ငံများရှိ ဖောက်သည်များအတွက် တစ်နေရာ တည်းတွင် ကုန်ပစ္စည်းအမျိုးအစားစုံလင်စွာ စုစည်းရောက်ရှိလာရန်ဖြစ်ကြောင်း Marketing Dioxide Co., Ltd ၏ စျေးကွက်ရှာဖွေရေးမန်နေဂျာ သီရိမင်းသိန်းက ပြောကြားခဲ့သည်။
သုံးစွဲသူများသည် အာရှနိုင်ငံအသီးသီးမှ ကုန်ပစ္စည်းမျိုးစုံကို တစ်နေရာတည်းတွင် ဝယ်ယူ နိုင်ကြောင်း သူမက ဆက်လက်ပြောကြားခဲ့သည်။ ပြပွဲတွင် တရုတ်ကားများ၊ တရုတ်လျှပ်စစ် ကားများနှင့် တရုတ်နေရောင်ခြည်စွမ်းအင်သုံး ထုတ်ကုန်များ ပြသသည့် ပြခန်းပေါင်း ၂၀၀ ကျော် လည်းပါဝင်ကြောင်း သိရသည်။
Source : Xinhua
DOCA(ရန်ကုန်)
