Main menu

မက္ကဆီကိုနိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် ၂၀၂၅ ခုနှစ် ပထမ ၈ လတွင် ၄.၇ ရာခိုင်နှုန်းမြင့်တက်လာ

Powered by Drupal

     မက္ကဆီကိုနိုင်ငံသည် ကုန်ထုတ်လုပ်ငန်းများ၏ တင်ပို့မှုရောင်းချမှုတွန်းအားကြောင့် ၂၀၂၅ ခုနှစ်၏ ပထမ ၈ လအတွင်း ပို့ကုန်တင်ပို့မှုသည် ၄.၇ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ကြောင်း အမျိုးသားစာရင်းအင်းနှင့် ပထဝီဝင် အင်စတီကျူ့ (INEGI) မှ စက်တင်ဘာ ၂၆ ရက်နေ့ (သောကြာနေ့) က ပြောကြားခဲ့သည်။ ဇန်နဝါရီလမှ သြဂုတ်လအထိ ပို့ကုန်စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၂၅.၁၅ ဘီလီယံ ရှိပြီး ကုန်ထုတ်လုပ်ငန်းများ၏ တင်ပို့မှု ၆.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ ကြောင်း INEGI ၏ လစဉ်ကုန်သွယ် မှု အစီအရင်ခံစာတွင် ဖော်ပြထားသည်။ အလားတူကာလ တွင် သွင်းကုန် ၀.၄ ရာခိုင်နှုန်း တက် လာပြီး ဒေါ်လာ ၄၂၅.၆၈ ဘီလီယံတိုးလာခဲ့သည်။ သီးခြား အစီအရင်ခံစာတစ်ခုတွင် မက္ကဆီကို၏ အကြီးဆုံး ပုဂ္ဂလိက ဘဏ်တစ်ခုဖြစ်သည့် Banorte က ဥပဒေပြုရေးပြောင်းလဲမှုများနှင့် မက္ကဆီကို-အမေရိကန်-ကနေဒါ သဘောတူညီချက် ပြန်လည် သုံးသပ်မှုတို့ကြားတွင် ကုန်သွယ်စီးဆင်းမှု အခြေအနေများ တင်းမာလာနိုင်ကြောင်း သတိပေးခဲ့ သည်။

          မက္ကဆီကိုနိုင်ငံသည် ကုန်သွယ်မှုအတွက် ၎င်း၏ အိမ်နီးချင်းနိုင်ငံလည်းဖြစ်၊ အကြီးဆုံး ကုန်သွယ်ဖက်လည်းဖြစ်သော အမေရိကန်ပြည်ထောင်စုအပေါ် အမှီသဟဲပြုလျှက်ရှိပြီး အမေရိ ကန်သမ္မတဒေါ်နယ်ထရန့်သည် ဇန်နဝါရီလက စတင်၍ သမ္မတ တာဝန်ထမ်းဆောင်ချိန်မှစ၍ အမေရိကန်နိုင်ငံအား တရားမမျှတစွာ ဆက်ဆံပြောဆိုသည့် နိုင်ငံများအပေါ် ပစ်မှတ်ထားအခွန် ကောက်ခံမှုများ ပြုလုပ်လျှက်ရှိကြောင်းသိရသည်။

Source : Nationthailand                                                               

 DOCA(ရန်ကုန်)