Main menu

ဂျပန်လေကြောင်းလိုင်း All Nippon Airways (ANA) မှ ကမ္ဘောဒီးယားသို့ တိုက်ရိုက်ပျံသန်းမှု ပြန်လည်စတင်ရန် ကမ္ဘောဒီးယားခရီးသွားဝန်ကြီး တောင်းဆို

Powered by Drupal

       ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားလုပ်ငန်း ဝန်ကြီး Huot Hak နှင့် ပုဂ္ဂလိက ကဏ္ဍတို့မှ အကြီးတန်း ကိုယ်စားလှယ် အဖွဲ့သည် ဂျပန်လေကြောင်းလိုင်း All Nippon Airways (ANA) ၏ ကိုယ်စားလှယ် Mr Eiji Yamakita နှင့် Tourism EXPO Japan 2025 တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားကဏ္ဍ အလားအလာကို မြှင့်တင်ပေးပြီး ကမ္ဘောဒီးယားနိုင်ငံသို့ ဂျပန်နှင့်နိုင်ငံတကာခရီးသည်များနှင့် ခရီးသွားများ အများအပြား ပို့ဆောင်ပေးခြင်းဖြင့် ကမ္ဘောဒီးယား ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် ဂျပန်လေကြောင်း လိုင်း၏ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုကို ကျေးဇူးတင်ကြောင်း ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၏ ၂၇-၉-၂၀၂၅ ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဝန်ကြီး Hak က ကမ္ဘောဒီးယားနိုင်ငံသို့ တိုက်ရိုက်ပျံသန်းမည့် လေကြောင်းလိုင်းများ ပြန်လည်စတင်နိုင်ခြေကို ပြန်လည်သုံးသပ်ပြီး ကမ္ဘောဒီးယား၏ ခရီးသွားလာရေး အလားအလာ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအချက်များ၊ ခရီးသွားများအတွက်ဘေးကင်းရေးနှင့် နှစ်နိုင်ငံအကြား နိုင်ငံတကာ ခရီးသည်များနှင့် ခရီးသွားအရေအတွက် တိုးမြင့်လာစေရန် အထောက်အကူဖြစ်စေမည့် Techo International Airport တည်ရှိမှုကို ပြန်လည်သုံးသပ်ရန်အတွက် ဆက်လက်တောင်းဆိုခဲ့သည်။

Source: Khmer Times

DOCA (ရန်ကုန်)