Main menu

Melaka ရှိ ASEAN Ministers' Retreat တွင် ကမ္ဘောဒီးယားသည် ရေရှည်တည်တံ့သော ခရီးသွားပန်းတိုင်များကို မီးမောင်းထိုးပြသည်

Powered by Drupal

       မလေးရှားနိုင်ငံ၊ Melaka မြို့၌ ၂၇-၉-၂၀၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော အာဆီယံ ခရီးသွားဝန်ကြီးများနှင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းညီလာခံအတွင်း ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်း ဝန်ကြီး Huot Hak က အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် Dr.Kao Kim Hourn နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ တွေ့ဆုံစဉ် ရေရှည်တည်တံ့သော ခရီးသွားလာရေး၊ လုပ်သားအင်အားမြှင့်တင်ရေးနှင့် ခရီးသွားလုပ်ငန်းအရည်အသွေးမြှင့်တင်ရေးတို့ကို အလေးထား ဆွေးနွေးခဲ့ကြသည်။ ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်စီးပွားရေး၏ အဓိကကျသော အစိတ်အပိုင်းဖြစ်သဖြင့် ကဏ္ဍအားလုံးတွင် ငြိမ်းချမ်းရေး၊ နိုင်ငံရေးတည်ငြိမ်ရေးနှင့် လုံခြုံရေး တို့ကို အဓိကထားလုပ်ဆောင်လျက်ရှိကြောင်း Huot Hak က အတွင်းရေးမှူးချုပ် Dr.Kao Kim Hourn အား အလေးပေးပြောကြားခဲ့သည်။ အာဆီယံအတွင်းရေးမှူးချုပ်ရုံးသည် ခရီးသွား လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု တွင် အာဆီယံ၏ဒစ်ဂျစ်တယ်တတ်မြောက်မှု၊ ခရီးသွား လုပ်ငန်း၊ သန့်ရှင်းမှု၊ ဘေးကင်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသောခရီးသွားလုပ်ငန်းမြှင့်တင်ရန် အာဆီယံ ပြင်ပမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်သည့် အဓိကလုပ်ဆောင်မှုများတွင် ကမ္ဘောဒီးယား နိုင်ငံအား ပံ့ပိုးကူညီရန် ကတိပြုခဲ့သည်။

Source: Khmer Times

DOCA (ရန်ကုန်)