
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ဆက်သွယ်ရေးဝန် ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု) ဆောင်ရွက်နေသော Sterament Co.ltdအား စက်တင်ဘာ လ(၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက်စောင့် ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီး မှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်နှင့်ဝန်ထမ်းများသည် အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့ နယ် No (a9) Shwe gabar nousing, mindana Street, Mayangone, ygn ရှိ Steram Net Co,ltd သို့ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်း အော်ပရေတာများ အနေဖြင့် လိုက်နာဆောင်ရွက်ရမည့် အချက်(၁၁)နှင့်အညီ ဆောင်ရွက်နေခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ လိုအပ်သည့်အထောက်အထား စာရွက်စာတမ်းများ အားရယူခြင်းနှင့် စားသုံးသူအား သိသင့်သိထိုက်သည့် အချက်အလက်များအား ပွင့်လင်းမြင်သာ စွာ ဖော်ပြထားခြင်းရှိ/မရှိတို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် စားသုံးသူရေးရာဦးစီးဌာန ဒုခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်မှ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားထားသည့် အချက်အလက်များနှင့်စပ်လျဉ်း၍ အလေးထား လိုက်နာဆောင်ရွက်ကြရန်၊ စားသုံးသူများ အနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုသုံးစွဲရာတွင် စိတ်ကျေနပ်မှုမရှိပါက အော်ပရေတာများ၏ Call Center သို့ အလွယ်တကူ ခေါ်ဆိုနိုင်အောင် ဆောင်ရွက်ထားကြရန်နှင့် တိုင်ကြားလာမှုများရှိပါက အမြန်ဆုံးဆောင်ရွက်ပေးရန်လိုအပ်ကြောင်း အဆိုပါ ကုမ္ပဏီမှတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA( ရန်ကုန်)
