Main menu

 “ ကော့မှူးမြို့နယ်ရပ်ကွက်များရှိ စားအုန်းဆီလက်လီလက်ကားဖြန့်ဖြူးရောင်းချနေမှု အခြေအနေကွင်းဆင်းစစ်ဆေး ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ရပ်ကွက်များရှိ စားသုံးသူပြည်သူ များ ဘေးအန္တရာယ်ကင်းရှင်းသော စားအုန်းဆီများကို သင့်တင့်မျှသောဈေးနှုန်းဖြင့် ဝယ်ယူစား သုံးနိုင်ရန်အတွက် စက်တင်ဘာလ(၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားအုန်းဆီ လက်လီဖြန့်ဖြူးရောင်းချလျက်ရှိသော ရပ်ကွက်များသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ကော့မှူးမြို့နယ်၊ မကျီးတန်း တာလမ်းသစ် ပြည်တော်သာ ရပ်ကွက်များရှိ စားအုန်းဆီလက်လီကိုယ်စားလှယ်များဖြစ်သော ဦးတင်ဝင်း၊ ဦးထွန်းလွင်၊ ဦးမျိုး ငြိမ်းဦးတို့၏ စားအုန်းဆီဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား စားသုံးသူရေးရာဦးစီးဌာန၊ ကော့မှူးမြို့နယ်တာဝန်ခံ ဦးတင်မင်းသည် ရပ်ကွက်များအရောက် ကွင်းဆင်းစစ်ဆေးခဲ့ပြီး လက် လီကိုယ်စားလှယ်များအား ရပ်ကွက်များရှိ စားသုံးသူပြည်သူများ ဈေးနှုန်းမှန်ကန်စွာဖြင့် အခက် အခဲမရှိ ဝယ်ယူစားသုံးနိုင်ရေးအတွက် သတ်မှတ်ဆီခွဲတမ်းများ လုံလောက်စွာချထားပေးလျက်ရှိ ပြီး ရရှိသည့်စားအုန်းဆီခွဲတမ်းအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက် ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

DOCA(  ရန်ကုန်)