Main menu

 “ ပိန္နဲကုန်းကျေးရွာဓမ္မာရုံတွင်တောင်သူအသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက် ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပိန္နဲကုန်းကျေးရွာအုပ်စုဓမ္မာရုံတွင် စက်တင်ဘာလ(၂၆)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် မြို့နယ်မှတောင်သူအသိပညာပေး ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့(၂)ဌာနဆိုင်ရာ တာဝန်ရှိသူများအား တောင်သူအသိပညာပေးခြင်း လုပ်ငန်းရှင်များ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် မြို့နယ်မြေစာရင်းဦးစီး ဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (စာတိုက်)တို့မှ တာဝန်ရှိသူများသည် အဖျောက်၊ ဇရပ်ကုန်း၊ ပိန္နဲကုန်းကျေးရွာအုပ်စုများမှ မိုးစပါး စိုက်တောင်သူများအား စိုက်ပျိုးသီးနှံများနှင့်ပတ်သတ်၍ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုး ဆောင်ရွက်နိုင်ရေး၊ ရေရရှိရေး၊ ပေါင်းစပ်ညှိနှိုင်းရေး၊ အရည်သွေးမီသွင်းအားစုများ စနစ်တကျသုံးစွဲရေး၊ သီးနှံဖျက်ပိုးကာကွယ်ခြင်း၊ နှိမ်နှင်းခြင်းများ အတွက် ပိုးသတ်ဆေးသုံးစွဲမှုများအား စနစ်တကျအသုံးပြုနိုင်ရေး၊ ပိုးသတ်ဆေးဓာတ်ကြွင်းဓာတ် ကျန်များအား အထူးသတိပြုဆောင်ရွက်ကြရန်၊ မျိုးကောင်းမျိုးသန့်များအား တိုက်ရိုက်မျိုးစေ့ချ ကိရိယာဖြင့် ပြောင်းလဲစိုက်ပျိုးနိုင်ရေးနှင့် လယ်ယာမြေဥပဒေအကြောင်း ဆွေးနွေးခြင်း နွေစပါး အတွက်ရေရရှိရေး၊ ရေမြောင်းများ လိုအပ်ပါက တင်ပြတောင်းခံကြရန် တောင်သူအသိပညာပေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(  ရန်ကုန်)