Main menu

“ ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိအသား၊ ငါးအရောင်းဆိုင်များသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

      စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် အသားငါးများ ရောင်းချမှုပုံစံ မှန်ကန်စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင် သာယာမြို့မဈေးအတွင်း/အပြင်ရှိ အသား၊ ငါးအရောင်းဆိုင်များသို့ စက်တင်ဘာလ(၂၉)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကော့မှူးမြို့နယ်ရှိ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီး မှူး ဒေါ်မြင့်မြင့်စန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်ထွန်းအောင်နှင့် ဝန်ထမ်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဦးခင်မောင်ဝင်း ဝက်သား ဆိုင်၊ ဦးကုလား အမဲသားဆိုင်၊ ဦးဇော်ကြီး ဆိတ်သားဆိုင်နှင့် ဒေါ်ချိုချိုဝင်း၊ ဒေါ်ကြည်အေး၊ ဒေါ်မိုးကြည်၊ ဒေါ်ဌေးကြည်၊ ငါး၊ ပုဇွန်အရောင်းဆိုင်၊ ဒေါ်နိုင်နိုင်မော်၊ ဒေါ်ပေါက် ကြက်၊ ဘဲ အသားဆိုင်တို့ရှိ အသား၊ ငါး၊ပုဇွန်များအား စားသုံးသူပြည်သူများအား ဘေးဥပါဒ်အန္တရာယ်ဖြစ်စေ နိုင်သော ဖော်မလင်(ခေါ်) တာရှည်ခံဆေးဝါးများ၊ ယင်မနား ဆေးဝါးများ၊ သက်ဆိုင်ရာဌာနများ မှ သုံးစွဲခွင့်မပြုထားသော ဆိုးဆေးများအား လုံးဝအသုံးမပြုကြရန်နှင့် အသား၊ ငါးများအား ယင်မနားစေရန် ဇကာပိတ်များ ဖုံးအုပ်၍ စနစ်တကျ ဖြန့်ဖြူးရောင်းချပေးကြရန် စားသုံးသူကာ ကွယ်ရေး အသိပညာပေးပြောကြားခဲ့ပြီး ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)