
စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှု များ အဆင်ပြေစေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား စစ်ဆေးခြင်း လုပ်ငန်းများအား စစ်ဆေးရေးအရာရှိများအား ခန့်အပ်စစ်ဆေးဆောင်ရွက်လျက် ရှိရာ (၂၉.၉.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် Galaxia@net Co.,Ltd သို့ သွားရောက်၍ ယနေ့ခေတ်သည် IT ခေတ်ဖြစ်သည့်အတွက် အလုံမြို့နယ်အတွင်းရှိ လိုင်စင်ရဆက်သွယ်ရေးအော်ပရေတာ (၁)ခုအား ဝန်ဆောင်မှုဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် လုပ်ငန်းတစ်ခုချင်းစီအလိုက် သတင်းအချက်အလက်များအား စားသုံး သူပြည်သူများသိရှိရန်အတွက် ဆိုရှယ်မီဒီယာများ၌ ဖော်ပြခြင်း၊ လက်ကမ်းစာ စောင် များဖြန့်ဝေခြင်း၊ ဗွီနိုင်းများကပ်၍ကြော်ငြာခြင်း၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင် ရရှိထားသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများသို့ ညွှန်ကြားထားသည့် အချက် (၁၁)ချက်ကို အခြေခံ၍ စားသုံးသူများသို့ ဆက်သွယ်ရေး(အင်တာနက် )ဝန်ဆောင်မှုနှင့် စပ်လျဉ်း ၍ မှန်ကန်ရှင်းလင်းသည့် သတင်း အချက်အလက်များကို ကြိုတင်သတိပေးရန်နှင့် သတင်းအ ချက်အလက်မှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များကို ကြိုတင်သတိပေး ရန်နှင့် သတင်းအချက်အလက်ပေးထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးစေရန် အဓိက ထားစစ် ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက စားသုံးသူကာ ကွယ်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေများ ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်းကို အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
