Main menu

အင်းစိန်မြို့နယ်ရှိ တရားမဝင်ကုန်စည်များတင်ဆောင်ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်း

Powered by Drupal

    (၂၈.၉.၂၀၂၅)ရက်နေ့ ညနေ(၅:၀၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်အထွေထွေအုပ်ချုပ် ရေး ဉီးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဉီးဆန်းယု ဉီးဆောင်၍ အင်းစိန်မြို့နယ်ရဲစခန်းမှူး ဒုရဲမှူး မောင်မောင်အေး၊ နယ်ထိန်းအရာရှိ ဒုရဲအုပ်ကျော်မင်းဉီး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ဒုဉီးစီးမှူး ဉီးကျော်သူဟန်၊ စားသုံးသူရေးရာဉီးစီးဌာနမှ ဒုကြီးကြပ်ရေးမှူး ဒေါ်ခိုင်ရွှေ၊ သတင်းရဲ တပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီးမျိုးအောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ အမှတ်(၆၂)၊ အောက် မင်္ဂလာဒုံလမ်း၊ အောင်ဆန်းရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ Sein Gay Har၊ City Mart(ဖော့ကန်)နှင့် Pro 1 Global Home Center တို့ရှိ တာဝန်ခံများနှင့်တွေ့ဆုံ၍ ဈေးဝယ်စင်တာများတွင် ရောင်းချနေသော ကုန်ပစ္စည်းများ၌ တရားမဝင်ကုန်စည်များ တင်ဆောင်ရောင်းချခြင်းမရှိကြောင်း ကွင်းဆင်းစစ်ဆေး ချက်အရ သိရှိရပါသည်။

 

DOCA (ရန်ကုန်)