Main menu

အင်ဒိုနီးရှားနိုင်ငံ၏ ပြည်ပပို့ကုန်များ တင်ပို့မှု ကျဆင်းလျက်ရှိ

Powered by Drupal

    အင်ဒိုနီးရှားနိုင်ငံသည် သြဂုတ်လအထိ ၅ လဆက်တိုက် ၎င်း၏ ပြည်ပပို့ကုန်များသည် ဆက်လက်ကျဆင်းလျက်ရှိကြောင်း အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။  ထို့အပြင် အင်ဒိုနီးရှားနိုင်ငံသည် အမေရိကန်သမ္မတ Donald Trump ၏ အကောက်ခွန် စည်းကြပ်မှု အပြီးတွင် အမေရိကန်နိုင်ငံနှင့် ပူးပေါင်း ကုန်သွယ်ရေးစာချုပ် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံ၏ ပြည်ပပို့ကုန်များသည် သြဂုတ်လတွင် ၅.၇၈ ရာခိုင်နှုန်းခန့် မြင့်တက်လာပြီး ယခင်နှစ်အစောပိုင်းထက် အမေရိကန်ဒေါ်လာ ၂၄.၉၆ ဘီလီယံ ခန့် ၅.၅ ရာခိုင်နှုန်းခန့် မြင့်တက်လာနိုင်ကြောင်း စီးပွားရေးပညာရှင်များက ခန့်မှန်းလျက်ရှိပါသည်။ တင်ပို့သူများက အမေရိကန်နိုင်ငံ၏ အကောက်ခွန်စည်းကြပ်မှုကို ခံနိုင်ရန်အတွက် ကြိုတင်ကုန် ပို့ဆောင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ဂျာကာတာမြို့၏ အဓိကပြည်ပတင်ပို့သည့် စျေးကွက် ဖြစ်သည့် အမေရိကန်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံရှိ ထုတ်ကုန်များအပေါ် အခွန် ၁၉ ရာခိုင်နှုန်း ကောက်ခံရန်ချမှတ်လိုက်ကြောင်း သိရပါသည်။ သြဂုတ်လတွင် အင်ဒိုနီးရှားနိုင်ငံသည် အမေရိန်ကန်ဒေါ်လာ ၁၉.၄၇ ဘီလီယံခန့် တင်သွင်းခဲ့ပြီး ယခင်နှစ်အစောပိုင်းကာလထက် ၆.၅၆ ရာခိုင်နှုန်းခန့် ကျဆင်းလာကြောင်း သိရပါသည်။ ကုန်သွယ်ရေးပိုငွေသည် သြဂုတ်လတွင် အမေရိကန်ဒေါ်လာ ၅.၄၉ ဘီလီယံခန့်ရောက်ရှိခဲ့ပြီး ခန့်မှန်းငွေထက် အမေရိကန်ဒေါ်လာ ၄.၀ ဘီလီယံခန့် မြင့်တက်လျက်ရှိကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံ စာရင်းအင်းဌာနသည် အောက်တိုဘာလ ၁ ရက်နေ့တွင် ငွေကြေးကျဆင်းမှု အချက်အလက်များနှင့် တစ်ခြားသော စီးပွားရေးအညွှန်းများကို ထုတ်ပြန်ကြေညာခဲ့ပါသည်။

Source: CNA                                                                             

DOCA (ရန်ကုန်)