
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ကွမ်းရွက်စိုက်ပျိုးသူများ များပြားကြောင်းသိရှိရပါသည်။ ကွမ်းရွက်သည် ဆေးဖက်ဝင်ပစ္စည်းတစ်မျိုးဖြစ်သည့်အပြင် မြန်မာလူမျိုးများ အများဆုံးစားသုံးကြသည့် ကွမ်းယာတွင်မပါမဖြစ်သော အဓိက ပါဝင်ပစ္စည်း တစ်မျိုးဖြစ်သည်။ ယခုအခါ ကုန်ဈေးနှုန်းများမြင့်တက်လာသော်လည်း ကွမ်းရွက်ဈေးနှုန်းမှာ ကျဆင်းနေကြောင်း သိရှိရပါသည်။ ကွမ်းရွက်ဈေးနှုန်းကျဆင်းရခြင်းသည် လမ်းပန်း ဆက်သွယ်ရေးအခြေအနေကြောင့် ဖြစ်ကြောင်းသိရှိရပါသည်။ ကွမ်းရွက်ကိုမိုးကာလတွင် အများဆုံးစိုက်ပျိုးကြပြီး မိုးနှင့်ဆောင်းကာလများတွင် ဈေးကောင်းရရှိကြောင်း သိရှိရပါ သည်။ ယခု မိုးရာသီတွင် ကွမ်းရွက်စိုက်ပျိုးသူများ ပိုပိုများပြားကြောင်း သိရှိရပါသည်။
ယခုအောက်တိုဘာလ ပထမပတ်တွင် မြိတ်မြို့ပေါ်ရှိ ကွမ်းရွက်အကြီးလက်ကားဈေး တစ်စည်းလျှင် (၉၀၀)ကျပ်ရှိပြီး ကွမ်းရွက်အကြီးလက်ကားဈေးတစ်စည်းလျှင် (၁၀၀၀)ကျပ်ရှိ ကြောင်း ကွမ်းရွက်စိုက်ပျိုးသူများထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)
