Main menu

ထန်းတပင်မြို့နယ်အတွင်း စားအုန်းဆီရောင်းချမှု မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       (၁.၁၀.၂၀၂၅)ရက်နေ့ နေ့လယ် (၁၅:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက် ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများက ဦးဆောင်လျက် ဆီလုပ်ငန်းရှင်အသင်း မှ ဦးသန်းစိုး(တွဲဘက်အတွင်းရေးမှူး)နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္ပဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးသည့်အိမ်ထောင်စုများသို့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူး ဦးလှစိုးက ထန်းတပင်မြို့နယ်၊ (၂)ရပ်ကွက်နှင့် (၁)ရပ် ကွက်အတွင်းရှိ အိမ်ထောင်စုများအား စားအုန်းဆီရောင်းချရာတွင် စားအုန်းဆီသတ်မှတ်ရည်ညွှန်း ဈေးထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း ရောင်းချမှုလက်ခံစာအုပ်များထားရှိခြင်း၊ စားအုန်းဆီ ဝယ်ယူခွင့်စာအုပ်များဖြင့် တစ်ကြိမ်လျှင် တစ်အိမ်ထောင်(၅၀)ကျပ်သားရောင်းချပြီး သတ်မှတ် ရည်ညွှန်းဈေးဖြင့်သာ ရောင်းချလျက်ရှိကြောင်း စားအုန်းဆီရရှိမှုအခြေအနေတို့ကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)