
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးပါ(၄)ဦးတို့ ဦးဆောင်လျက် ဆီလုပ်ငန်းရှင်အသင်းတာဝန်ရှိသူများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီတာဝန်ရှိသူများသည် (၁.၁၀.၂၀၂၅)ရက်နေ့ နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် ထန်းတပင် မြို့နယ်၊ အစုကြီးကျေးရွာအတွင်း စားအုန်းဆီဖြန့်ဖြူးသည့်အိမ်ထောင်စုများသို့ ကွင်းဆင်း စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူး ဦးလှစိုးက ဖြန့်ဖြူးသည့် ကုမ္ပဏီ/လက်ကားကိုယ်စားလှယ် လက်လီကိုယ်စားလှယ်များက သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ၊ အစုကြီးကျေးရွာ အတွင်းရှိ အိမ်ထောင်စုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး Zabu Kan Tun Co.,Ltd မှ ဖြန့်ဖြူး ရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
