
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအန္တရာယ်လျော့နည်းလာစေရန် ပလတ်စတစ်သုံးစွဲမှု လျော့ချရေး အသိပညာပေးခြင်းလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့ နယ်တွင် အောက်တိုဘာလ(၁)ရက်နေ့၊ နံနက် (၀၈:၃၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်းများ ထုတ်ပိုးရောင်းချလျက်ရှိသော ဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကော့မှူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှု ဆောင်အရာရှိ ဦးတင်ထွန်းအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးတင်မင်းနှင့်ဝန်ထမ်းများ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အန္တရာယ်လျော့ နည်းလာစေရေး၊ ပလတ်စတစ်ပစ္စည်းအမျိုးမျိုးတို့အား အလွန်အကျွံ သုံးစွဲခြင်းများ လျော့ချနိုင် ရေးတို့အတွက် မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်း များ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဈေးရောင်းသူများနှင့် ဈေးဝယ်လာ စားသုံးသူပြည်သူများ အား ပလတ်စတစ်အစားထိုးပစ္စည်းများဖြစ်သော ဒေသထွက် ကြာဖတ်၊ ဌက်ပျောဖတ်၊ အင်ဖတ် နှင့် စက္ကူအိတ်များဖြင့်သာ ထုတ်ပိုးရောင်းချကြရန်နှင့် ဈေးဝယ်လာသူများ အနေဖြင့်လည်း လက်ဆွဲခြင်း၊ ချိုင့်များ ယူဆောင်၍ ဝယ်ယူကြရန် ဈေးဆိုင်ခန်းများ သန့်ရှင်းသပ်ရပ်စေရေး အလေးထား ဆောင်ရွက်ကြရန်၊ ပလတ်စတစ်ပစ္စည်း အမှိုက်များအား စနစ်တကျစွန့်ပစ်ကြရန်နှင့် စားသုံးသူပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် သန့်ရှင်းလတ်ဆက်သော အသီးအရွက်၊ အသား၊ ငါးများကိုသာ ဝယ် ယူဖြန့်ဖြူးရောင်းချပေးကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
