
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ်၊ စိန်ဘုရားစုကျေးရွာရှိ ထူးဇေအောင်ဆန်စက်တွင် မိုးစပါးဝယ်ယူမှုအခြေအနေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများမှ ကွင်းဆင်းလာရောက်ကြည်ရှုမှုအပေါ် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီဌာနမှ တိုင်းဒေသကြီးဦးစီးမှုး ဦးဝင်းထွန်းနှင့် တိုင်းဒေသကြီးအဖွဲ့ လိုက်ပါ၍ ၂၀၂၅-၂၀၂၆ခုနှစ် စိုက်ပျိုးထွက်ရှိသော မိုးစပါးအစို တင်း(၁၀၀)ဝယ်ယူနေမှု ဈေးကွက်၊ ဈေးနှုန်းအခြေအနေများအပေါ် တောင်သူများ တွက်ခြေကိုက်မှုအခြေအနေများကို ၂၆-၉-၂၀၂၅ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှု ပြုလုပ်ခဲ့ပြီး မအူပင်ခရိုင်၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြိုနယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများလိုက်ပါဆောင်ရွက်မှု ကွင်းဆင်းရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
