
စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး) သည် ၉.၁၀.၂၀၂၅ ရက်နေ့ ၁၃း၀၀ နာရီ အချိန်တွင် မြစ်ကြီးနားမြို့၊ စက်မှုဇုံရပ်ကွက်၊ (Lucky ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်း)မှလုပ်သား(၂၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဟောပြောရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး) က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက်၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များ ကိုသာ ရွေးချယ်ဝယ်ယူစားသုံးကြရန်၊ Online Shopping များမှဝယ်ယူသုံးစွဲရာတွင် သတိပြု ဆောင်ရွက်သင့်သည့် အချက်များအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက်လည်း တိုင်ကြားရန် CICC ရုံးခန်းများကို ဖွင့်လှစ်ထားရှိမှု၊ ဖြေရှင်းပေးနေမှုအခြေအနေများ ၊ Call Center 1535 သို့ တိုက်ရိုက် ခေါ်ဆိုမေးမြန်းတိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ပါ သည်။
DOCA(ကချင်)
