
ကျွန်းလှမြို့နယ်ရှိ ရပ်ကွက်ဈေးများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား ခေါဆီ(ခေါ်) ကောက် ညှင်းပြားများကို ဆောင်ဝင်ခါနီ စက်တင်ဘာ၊ အောက်တိုဘာလများတွင် စတင်ရောင်းချလျက် ရှိကြောင်းသိရှိရပါသည်။
ကောက်ညှင်းပြားကို ပြုလုပ်ရန် ကောက်ညှင်းဆန်ကို ကျောက်ခဲ၊ သလဲများအပါအောင် ရွေးချယ် သန့်စင်ပြီး ကောက်ညှင်းဆန်ကိုရေဆေးပြီး အချိန်အတန်ကြာအောင်ရေစိမ်ထားရပါကြောင်း၊ ရေစိမ်၍ ရသော ကောက်ညှင်းဆန်များကို ပေါင်းအိုဖြင့်ပေါင်းပြီး ပေါက်ဆိန်၊ ပေါက်တူး၊ မောင်းတို့ဖြင့်ထည့်၍ ထုထောင်းပြီး အိစက်ညက်ညောသည့် အနေအထားရောက်မှ နှမ်းထောင်း /ဆီတို့ကိုသုံးပြီး ကောက်ညှင်းပြားများ ပြား၍ ငှက်ပျောဖက်/ပလပ်စတစ်အိတ်အကြည်ပေါ်တွင် အအေးခံပြီးလျှင် စားသုံးရသည့် ကောက်ညှင်းပြား များရရှိပြီး ယခု စက်တင်ဘာလ စတုတ္ထပတ်တွင် ခေါဆီ(ခေါ်) ကောက်ညှင်းပြားဈေးနှုန်းအနေဖြင့် ခေါဆီ(ခေါ်)ကောက်ညှင်းပြား တစ်ခုလျှင် (၁၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA (စစ်ကိုင်း)
